
ဖခင်၏ကြိုလင့်ကမ်းသောလက်များ
ကြင်နာတတ်သောနှလုံးသားက Mary Slessor(မေရီ စလက်ဆာ)အား အကူအညီလိုအပ်နေသူများအတွက် သူမ၏လက်အစုံကို ကမ်းပေးစေသည်။ ၁၈၄၈ ခုနှစ်တွင် မွေးဖွားသော စကော့လူမျိုးသာသနာပြု မေရီ စလက်ဆာသည် ဝေးလံသော Okoyong(အိုကိုယန်)ဒေသရှိ လူများကို အစေခံခဲ့သည်။ ထိုဒေသခံလူတို့၏ အယူသီးမှုမှာ ကလေးအမြွှာမွေးပါက တစ်ဦးသည် ကောင်းပြီး၊ ကျန်တစ်ဦးမှာ မကောင်းဆိုးဝါးဖြစ်သည်ဟု အယူရှိကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို ကလေးအမြွှာနှစ်ဦးစလုံးကို စွန့်ပစ်သဖြင့် အစာငတ်ခြင်း(သို့) အန္တရာယ်တွေ့ပြီး ကလေးများ သေဆုံးသွားရလေ့ရှိသည်။ ဘုရားသခင်၏မေတ္တာကို ထင်ဟပ်ပြသလျက် မေရီသည် အသက်အန္တရာယ်ကြုံရသည့် ရာနှင့်ချီသောကလေးများကို အချိန်မှီကယ်တင်နိုင်ခဲ့ပြီး၊ ၎င်းတို့အနက် ကိုးဦးကို မွေးစားခဲ့သည်။
နာခံမှုမရှိသော ဣသရေလူမျိုးတို့အား နှိုးဆော်သောစကားများတွင် ပရောဖက် ဟောရှေက သားသမီးအပေါ်ထားသည့် ဘုရားသခင်၏ဂရုပြုစောင်မမှုကို တစေ့တစောင်း လှစ်ဟဖော်ပြခဲ့သည်။ ပရောဖက်ကြီးက “မိဘ မရှိသောသူတို့သည် (ဘုရားသခင်)ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြ”ကြောင်း(၁၄:၃)၊ ဘုရားသခင်သည် သူတို့အား ဂရုတစ်စိုက်ရှိပြီး၊…

ဘုရားသခင်၌အမြစ်စွဲသည့်ယုံကြည်ခြင်း
Bethune Cookman(ဘက်သယူးန် ခွတ်မဲန်း)တက္ကသိုလ်ကိုတည်ထောင်သူ Mary McLeod Bethune(မေရီ မခလောက်ဒ် ဘက်သယူးန်)၏သမိုင်းဝင်ဘဝမှတ်တမ်းစာအုပ်ကို ဖတ်ပြီး ကျွန်မခွန်အားရမိသည်။ သူမ၏စိတ်ပိုင်းဖြတ်ချက်နှင့် အခြားသူအပေါ် ဂရုစိုက်မှုအကြောင်းများက သူမအကြောင်းကိုတိုး၍ဖတ်ချင်စိတ်ဖြစ်စေခဲ့သည်။ ၁၉၀၀ ပြည့်နှစ် အစောပိုင်းက သူမသည် လုပ်ငန်းရှင်သူဌေးတစ်ဦးအား ကျောင်းမှ အာဖရိကန်- အမေရိကန် အမျိုးသမီးငယ်များအတွက် တည်ထားသည့် အဆောက်အအုံများအကြောင်းကို ပြောပြခဲ့သည်။ သို့သော် ကောလိပ်ဝင်းထဲသို့ ထိုသူ ရောက်သွားသေအခါ အဆောင်တစ်ခုတည်းကိုသာ တွေ့ရှိခဲ့သည်။ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးတွင် ထိုသူရင်းနှီးမြှုပ်နှံရန် မျှော်လင့်လျက် သူမ၏အိပ်မက်ကို သူ့အား ပြောပြခဲ့ခြင်းဖြစ်သည်။ သူမ၏ယုံကြည်ခြင်းနှင့် ရူပါရုံကို ဖော်ဆောင်ခြင်းကြောင့် ယုံကြည်မှုဖြင့် ကျောင်းရံပုံငွေ ထည့်ဝင်ငွေများကို ရရှိခဲ့သည်။ နောက်ဆုံးတွင် ကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြီး၊ ယခုအချိန်အထိ လေးနှစ်တက်ရသော တက္ကသိုလ်တစ်ခုအဖြစ် တည်ရှိနေသည်။
“ယုံကြည်ခြင်းမရှိလျှင် ဘာမှဖြစ်မလာနိုင်။ ယုံကြည်ခြင်းရှိပါက ဘယ်အရာမျှ မဖြစ်နိုင်စရာအကြောင်းမရှိ”ဟူသည့် ဘက်သယူးန်၏စကားက လေးစားဖွယ်ပင်။…

ထွန်းလင်းတောက်ပနေသောမျက်နှာများ
ကျွန်တော်၏ခွေးငယ်လေးအား တစ်နှစ်ပြည့်ဆေးစစ်စဉ် တိရစ္ဆာန်ဆရာဝန်က ကျွန်တော့်ထံ ခွေးကိုပြန်ပေးရင်း“သူ့မှာ သကြားမျက်နှာရှိတယ်”ဟု ပြောလိုက်သည်။ “သကြားမျက်နှာတဲ့လား”ဟု ကျွန်တော်ပြန်မေးရာ၊ “ဟုတ်တယ်။ ဒီခွေး အမျိုးအစားလေးတွေက နဂိုကတည်းက မျက်နှာဖြူဖြူလေးရှိနေရင် သူတို့ကို အဲဒီလိုပဲခေါ်တယ်” “သူတို့အထဲမှာ ချိုတဲ့အရာရှိကြောင်းပြတဲ့ သင်္ကေတပဲပေါ့”ဟု သူမက အပြုံးနှင့် ပြန်ဖြေသည်။
ထိုနောက် ထိုအကြောင်းကို စဥ်းစားရင်း၊ အခြားသူများနှင့်တွေ့သောအခါ ကျွန်တော့်မျက်နှာ မည်ကဲ့သို့ပေါ်လွင်နေသနည်းဟု တွေးမိသည်။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာက ပြောင်းလဲပေးသော ကျွန်တော့်နှလုံးသားနှင့်အသက်တာတွင် ကျွန်ုပ် “အတွင်းမှ ချိုမြသောအရာ”ကို တစ်ချက်မျှပင် လူတို့တွေ့မြင်ပါသလား။ သိနာတောင်တွင် မောရှေသည် ဘုရားသခင်မျက်မှောက်တော်၌ ရက်အတန်ကြာ ရှိနေပြီးနောက် ပြန်ဆင်းလာချိန် အံ့ဖွယ်သောအခိုက်အတန့်ကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ မောရှေသည် “မိမိနှင့် ဘုရားသခင်နှင့်နှုတ်ဆက်သောကြောင့် မိမိမျက်နှာအရေထွန်းပကြောင်းကို” သတိမထားမိသော်လည်း၊ ဣသရေလအမျိုးသားတို့မှာ ကြောက်ရွံ့သဖြင့် သူ့အနီးသို့ မချဉ်းမကပ်ဝံ့ကြ(ထွ ၃၄:၂၉-၃၀)။ သူတို့ မကြောက်စေခြင်းငှာ မောရှေသည်…

ရက်ရောစွာပေးကမ်းရန် အသင့်ပြင်ထားပါ
ကျွန်မဘကြီး၏အောက်မေ့ဖွယ်ဝတ်ပြုစည်းဝေးတွင် သူတို့ဇနီးမောင်နှံတို့နှစ်ပေါင်းများစွာ ရှင်သန်ပြခဲ့သည့် သူတို့၏ဧည့်ဝတ်ပျူငှါမှုကို ဂုဏ်ပြုသောအားဖြင့် အမဲသားကင်၊ ပြောင်းဖူး၊ ပဲဟင်းတို့ဖြင့် ဧည့်ခံခဲ့သည်။ သူတို့သည် တနင်္ဂနွေနေ့နံနက်တိုင်း ဘုရားကျောင်းသို့မသွားမီ အသားကင်နှင့် ဟင်းသီးဟင်းရွက်များကို အိုးကြီးကြီး၌ ချက်ပြုတ်ထားသည်။ ဝတ်ပြုစည်းဝေးအပြီးတွင် တစ်ခါတစ်ရံ ရင်းနှီးသောမိတ်ဆွေများ၊ တစ်ခါတစ်ရံ တစိမ်းတစ်ဦးဦးကို နေ့လည်စာအတွက် ဖိတ်ခေါ်လေ့ရှိသည်။ မည်သူပင်ဖြစ်စေ အိမ်၌ဧည့်ခံရန် အစားအသောက်များကို လောက်ငစွာ ချက်ပြုတ်ပြီး ထိုနေ့လည်ပိုင်းအချိန်များကို ဧည့်သည်ဝတ်ပြုရန် သီးသန့်ဖယ်ထားသည်။
သူတို့၏တနင်္ဂနွေနေ့ အလေ့အထက ရက်ရောမှုကိုပြရန် တမင်ရည်ရွယ်ထားပြီး အသင့်ရှိနေရန် လိုသည်။ ဣသရေလလူမျိုးတို့သည် ထိုအစဉ်အလာအတိုင်း လိုက်နာကြသည်။ အသီးအနှံများကို အကုန်အစင် မရိတ်သိမ်းဘဲ၊ “ဆင်းရဲသောသူများနှင့် ဧည့်သည်အာဂန္တုများအတွက်” ချန်ထားရန် ဘုရားသခင်က မောရှေမှ တစ်ဆင့် မှာကြားခဲ့သည်(ဝတ် ၁၉:၁၀)။ “ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သော အခါ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်သိမ်းရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍…
ဆုတောင်းခြင်းလက်ဆောင်မွန်
ဖခင်များနေ့ နှုတ်ခွန်းဆက်ကတ်ဝယ်ယူရန် ဆိုင်ထဲသို့ မလှမ်းချင်လှမ်းချင်နှင့် ကျွန်မဝင်သွားသည်။ ကျွန်မအဖေ့ကို ခွင့်လွှတ်လိုက်ပါပြီ။ အသက် ၁၅ နှစ်အရွယ် အိမ်မှမထွက်မီနှင့်၊ ထွက်လာသည့်နောက် ခံစားရသော နာကျင်မှုဒဏ်မှ လွတ်မြောက်ရန် ဆုတောင်းလျက်၊ အဖေနှင့်ပြေလည်ပေါင်းစည်းရေးအတွက် နှစ်ပေါင်းများစွာ ကျွန်မကြိုးစားခဲ့ရသည်။ စိတ်မကောင်းစရာမှာ ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့သော်လည်း “အကောင်းဆုံးသောဖခင်”များ၏စိတ်ကို ထိတွေ့စေမည့် ရွှမ်းရွှမ်းဝေစာသားပါသည့်ကတ်များက ကျွန်မ၏ခံစားချက်နှင့် ထပ်တူမကျခဲ့ပါ။ ထို့ကြောင့် ကတ်များခင်းကျင်းထားသည့်စင်အနီးမှာပင် ကောင်းကင်ဘုံရှင် အဘဘုရားကို ရိုးရိုးလေးချီးမွမ်းပြီး၊ လောကဖခင်အတွက် ဆုတောင်းပေးခဲ့သည်။
အာဒံနှင့်ကာဣန၊ ဒါဝိဒ်နှင့်အဘရှလုံမှအစ ကျွန်မ၏အဖေနှင့်ကျွန်မအဆုံး မျိုးဆက်ပေါင်းများစွာတို့သည် အပြစ်၏အကျိုးဆက်ကြောင့် ရုန်းကန်ရင်း နှလုံး ကြေကွဲရသည့်တိုင်၊တမန်တော်ရှင်ပေါလုက “မိဘစကားကို နားထောင်ခြင်းအမှု သည် တရားသောအမှုဖြစ်၏”(ဧ ၆:၁) ဟု သားသမီးတို့အား မိဘစကားကို နာခံရန် ဆုံးမခဲ့သည်။ မိဘများအား ဂုဏ်ပြုရန် အမိန့်တော်သည် ကတိတော်နှင့်၊ ဆုလာဘ်နှင့် တွဲ၍လာသည် (:၂-၃)။ တစ်ဘက်တွင်လည်း…
